Syinix Washing Machine (WMFL4610S) 6kg

Syinix Washing Machine (WMFL4610S) 6kg

Ks 310,000

  • Clean and care!
  • 90⁰C sterilization wash
  • Tub Clean
  • Smart fuzzy wash
  • 15 minutes quick wash
  • 42 minutes quick wash
  • Smart Balance System
Category: Brand:

Syinix အဝတ်လျှော်စက် WMFL4610S (6kg) မှာပါဝင်တဲ့ အဓိက လုပ်ဆောင်ချက်တွေက

  • သန့်ရှင်းမှုနှင့် စောင့်ရှောက်မှု
    အဝတ်လျှော်စက်၏ အတွင်းပိုင်းဒီဇိုင်းအားလက်ဖြင့်ပွတ်တိုက်လျှော်ဖွတ်သကဲ့သို့ အညစ်အကြေးများကင်းစင်စေရန်နှင့် အဝတ်များပွန်းပဲ့ပျက်စီးမှု လျော့နည်းစေရန် အထူးပြုလုပ်ထားပါသည်။
  • 90°C ပိုးမွှားကင်းစင်စေတဲ့ သန့်စင်မှု
    90°C အပူချိန်မြင့် ပိုးမွှားကင်းစင်စေတဲ့ သန့်စင်ခြင်း (Sterilization Wash) ဟာအဝတ်အစား၊ အိပ်ယာခင်း၊ လိုက်ကာနှင့် ကလေးအရုပ်တွေပေါ်က ရောဂါဖြစ်စေတဲ့ အညစ်အကြေးများ၊ ယားယံစေတဲ့ အမှုန်အမွှားများနှင့် နစ်မြုပ်စွဲကျန်နေတဲ့ အစွန်းအထင်းများကိုထိရောက်စွာသန့်စင်ပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်နှင့် မတည့်သောကူးစက်မှုတွေမှ ကာကွယ်ပေးနိုင်ပါတယ်။
  • အဝတ်လျှော်ကန်သန့်စင်မှု
    အသုံးပြုပြီး အဝတ်လျှော်ကန်သန့်စင်မှုစနစ်ကိုအသုံးပြုလိုက်တာနဲ့ အပူချိန် ၆၀ ံC ရှိတဲ့ရေနဲ့ အရှိန်အဟုန်ပြင်းပြင်းလည်ပတ်မှုတွေကသင့်ရဲ့ အဝတ်လျှော်ကန်အတွင်းရှိ အညစ်အကြေးများ ပိုးမွှားများကို ဆေးကြော သန့်စင်ပေးနိုင်လို့ အဝတ်လျှော်ကန်ညစ်ညမ်းမှုကို ကင်းဝေးစေပါတယ်။
  • ၁၅ မိနစ်အမြန်လျှော်ဖွပ်မှု
    ထိုစနစ်သည် အထည်အပါးများ၊ အနည်းငယ်စွန်းထင်းနေသောအထည်များ နှင့် 2kg ထက်နည်းသော အဝတ်များလျှော်ဖွပ်ရာတွင်အထူးသင့်တော်ပါသည်။
  • ၄၂ မိနစ်အမြန်လျှော်ဖွပ်မှု
    ထိုစနစ်သည် အဝတ်အထူများ၊ အလွန်စွန်းထင်းနေသောအဝတ်များ၊ အနွေးထည်များနှင့် ဂျင်းအဝတ်အထည်များကို လျှော်ဖွပ်ရန်အထူးသင့်တော်ပြီးလျှော်ဖွပ်နိုင်သောအလေးချိန်မှာ 4 kg အောက်ဖြစ်ပါသည်။
  • အထူးထိန်းညှိမှုစနစ်
    ဥရောပ၏ နည်းပညာတစ်ခုဖြစ်သောတုန်ခါမှု ထိန်းညှိပေးသောစနစ်ဖြစ်ပြီး အဝတ်လျှော်နေစဉ်မော်တာလည်ပတ်မှု၊ ကိုယ်ထည်တုန်ခါမှုနှင့် အသံဆူညံမှုတို့ကိုထိန်းညှိပေးနိုင်ပါသည်။
  • နည်းပညာမြင့်လျှော်ဖွပ်မှု (Smart Fuzzy Wash)
    ဤစနစ်သည် လျှော်ဖွပ်မည့် အဝတ်အစား၏အလေးချိန်၊ အဝတ်အထည်အမျိုးအစားနှင့် အညစ်အကြေးစွန်းထင်းမှုတို့ကို ပတ်ပတ်လည်တပ်စင်ထားသော အာရုံခံစနစ်များဖြင့် ဖတ်ရှုတိုင်းတာပေးပြီးအသင့်တော်ဆုံး အဝတ်လျှော်စနစ်နှင့် ရေအပူချိန်ကိုအလိုအလျောက်ရွေးချယ်ပေးမှာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။
  • အာမခံပိုင်းမှာလည်း အစိတ်အပိုင်းအားလုံးနဲ့ လက်ခအခမဲ့ကို (၂၅) လ အာမခံပေးထားပါတယ်
Scroll to Top